One Stop Mart ဆိုင်ဝန်ထမ်းကို ဓားထောက်လုယက်သူနှစ်ဦးအား ဖမ်းမိ

ဘုရင့်နောင် One Stop Mart ဆိုင်ဝန်ထမ်းအား ဓားထောက်လုယက်ခဲ့သူ နှစ်ဦး ကို ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်း ၂ နာရီခန့်ကရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ One Stop Mart(ဘုရင့်နောင်ဆိုင်ခွဲ)မှာ ၀န်ထမ်းအမျိုးသားနှစ်ဦးကိုဓားနဲ့ချိန်းခြောက်ပြီး ငွေသား၊ လက်ကိုင်ဖုန်းနှင့်အခြားပစ္စည်းများကို ယူဆောင်သွားခဲ့တာလည်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းမိသူနှစ်ဦးမှာ လှိုင်သာယာမြို့နယ် ရှမ်းချောင်းရပ်ကွက်နေသူ အောင်ပိုင်မျိုး (ခ)အသေးလေး (အသက်-၂၃)နှင့် လှိုင်သာယာမြို့နယ် အမှတ်(၁၁)ရပ်ကွက်နေ ဇာနည်အောင်(ခ)ချစ်ထူး (အသက် ၂၄)တို့ဖြစ်ပြီး ၄င်းတို့ထံမှ အနက်ရောက်တိတ်ပတ်လျက်ဓါးအိမ်ပါ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓါးမြှောင် ၁ချောင်း ၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေသားတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း လည်း သိရပါတယ်။

#Pissaya_Crime

Related posts