နယူးဇီလန်နိုင်ငံမှာ ဗလီ၂ ခု တိုက်ခံရ လူ ၄၀ ကျော် သေဆုံး

နယူးဇီလန်နိုင်ငံ ခရိုက်စ်ချက် မြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက ဗလီ ၂ ခုကို တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ဦး ကို ဖမ်းဆီးထားကြောင်းလည်းသိရပါတယ်။ နယူးဇီလန် ဝန်ကြီးချုပ်က ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အကြမ်းဖက်မှုဟာနိုင်ငံရဲ့ အကျည်းတန်တဲ့ နေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

#Pissaya_International News

 

Related posts