ငွေကျပ် ၂၈,၉၅၇သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 ငွေကျပ် ၂၈,၉၅၇သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေကို တောင်ငူမြို့၊(၄)မိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

တောင်ငူမြို့ (၄)မိုင် စစ်ဆေးရေးဂိတ်မှာ HINOအမျိုးအစား(၆)ဘီးမော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းရာမှာ မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် ပိတ်ဆို့ရှာဖွေရာမှာ ပီနံအိတ် ၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅,၂၅၀ ပြား၊ ငွေ ၉၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တာလည် ဖြစ်ပါတယ်။

#Pissaya_Crime News

Related posts