ဧပြီလ (၅) နေ့တွင်ကျင်းပပြုလုပ်သွားမည့် Star Awards ဆုပေးပွဲကြီး

Stellar Seven Entertainment မှတာဝန်ယူကျင်းပမည့် Star Awards ပွဲကြီးကို လာမည့် ဧပြီလ(၅)ရက်နေ့၊ သုဝဏ္ဏဘူမိ Event Park မှာ ညနေ(၄) နာရီအချိန်တွင် Red Carpet စတင်မှာဖြစ်ပြီး ညနေ(၆)နာရီအချိန်မှာတော့ပွဲစတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Star Awards ပွဲဟာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ရဲ့ စီစဉ်မှုဖြစ်တယ်လို့ သိရပါတယ်။

Star Awards ဆုပေးပွဲကတော့  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပေးအပ်တဲ့ အကယ်ဒမီဆုပေးပွဲ ကဲ့သို့ တစ်နှစ်တာ အတွင်းရိုက်ကူးထုတ်လုပ်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား နှင့် ဇာတ်လမ်းတွဲ များကို စီစစ်ပြီး Star Awards ကော်မတီအဖွဲ့ ဝင်များက ရွေးချယ်ဆုံးဖြတ်ကာ အနုပညာရှင်များကို ထူးချွန်ဆုချီးမြှင့်သွားမယ့် ဆုပေးပွဲတစ်ခုဖြစ်ပါတယ်။

#Pissaya

Crd;

 

Related posts