အဂတိလိုက်​စားမှုတွေကို ထိထိ​ရောက်​​ရောက်​ ကိုင်​တွယ်​မယ်​လို့ သမ္မတရုံး​ပြော​ရေးဆိုခွင့်​ရှိသူ ပြော

လက်​ရှိအစိုးရလက်​ထက်​မှာ အဂတိလိုက်​စားမှု​တွေနဲ့ ပတ်​သက်​ပြီး ထိထိ​ရောက်​​ရောက်​ ကိုင်​တွယ်​မယ်​လို့ သမ္မတရုံး​ပြော​ရေးဆိုခွင့်​ရှိသူ ဦး​ဇော်​​ဌေးက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

နေပြည်​​တော်​ရှိ NRPCမှာ သတင်းမီဒီယာ​တွေနဲ့​တွေ့ဆုံစဉ်​ သမ္မတရုံး​ပြော​ရေးဆိုခွင့်​ရှိသူက အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးရဲ့ အမြင့်ဆုံးဖြစ်တဲ့ ၀န်ချုပ်အဆင့်ထိပါ အရေးယူထားခဲ့တာလည်းဖြစ်ပါတယ်။

#Pissaya_General News

Related posts