ဂန်းနား ပရိတ်သတ်တွေပျော်ခဲ့တဲ့ည

မနေ့က ကစားခဲ့ကြတဲ့ အာဆင်နယ် အသင်းနဲ့ မန်ယူအသင်းတို့ ပွဲစဉ်မှာ အာဆင်နယ်က ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဂန်းနား ပရိတ်သတ်တွေအတွက် အပျော်တွေဖန်တီးပေးနိုင်ခဲ့ကြပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်လယ်မှာ ရမ်ဆေးနဲ့ ဇက်ခါတို့ရဲ့ အတွဲညီမှုက အာဆင်နယ်အတွက် အဖိုးတန် အနိုင် သုံးမှတ်ကို ဆောင်ကျဉ်းပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်း ၁၂ မိနစ်မှာ ဇက်ခါရဲ့အဝေးကန်ချက်က အာဆင်နယ်အတွက် အဖွင့်ဂိုးသေချာစေခဲ့ပါတယ်။ အာဆင်နယ်အတွက် အဖိုးတန် ဒုတိယဂိုးကို ၆၉ မိနစ်မှာ မန်ယူကစားသမား ဖရက်ကြောင့် ပေးရတဲ့ ပင်နယ်တီကနေ အဘာမီယန်က ကန်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ်တို့ အနိုင်သေချာစေခဲ့ပါတယ်။

#Pissaya_sport

Related posts