မထင်မှတ်ဘဲ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတဲ့ PSG

ဒီကနေ့မနက်က ကစားခဲ့ကြတဲ့ မန်ယူအသင်းနဲ့ PSG အသင်းတို့ပွဲစဉ်မှာ ၃-၁ ဂိုးနဲ့ မန်ယူအသင်းက အနိုင်ယူခဲ့ပါတယ်။

ဒီပွဲစဉ်ဟာပြင်သစ်လိဂ်ချန်ပီယံ PSG အသင်းအတွက် မျှော်မှန်းမထားတဲ့ ရလဒ်တခုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေလဲ ထွက်ခွာခဲ့ရပါတယ်။

မန်ယူအသင်းရဲ့ အနိုင်ဂိုးတွေကို လူကာကူနဲ့ ရပ်ရှ်ဖို့ဒ် တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး၊ PSG အသင်းရဲ့ ခြေပဂိုးကိုတော့ ဘားနက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့မန်ယူအသင်းဟာ အဝေးဂိုးစည်းမျဉ်းနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

Related posts