နေ့စဉ်သုံး သွားပွတ်တံ လေးတွေသန့်ရှင်းဖို့ ဒါတွေလုပ်ပါ

မိမိတို့နေ့စဉ်အသုံးပြုနေတဲ့ သွားပွတ်တံလေးတွေသန့်ရှင်းနိုင်ဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ပြုလုပ်ရမည့်နည်းလမ်းက. . . သွားပွတ်တံကို ရှာလကာရည်ထည့်ထားတဲ့ခွက်ထဲကို ထည့်ပြီး မိနစ် (၃၀) လောက်စိမ်ထားဖို့ပဲလိုပါတယ်။ စိမ်ပြီးရင်တော့ ရေဆေးပါ။

ရှာလကာရည်က သွားပွတ်တံမှာ ရှိတဲ့ သွားတိုက်ဆေးကပ်နေတာတွေကို သန့်ရှင်းပေးတဲ့အတွက် သွားပွတ်တံကို သန့်သွားအောင်လုပ်ပေးပါတယ်နော်။

သတိထားရမှာက သွားပွတ်တံတစ်ချောင်းကို (၃) လ တကြိမ်လဲပေးသင့်ပါတယ်။ အခုဝေမျှပေးခဲ့တဲ့ နည်းလမ်းလေးကို မလဲခင်အချိန်အတွင်းမှာ သွားပွတ်တံ သန့်ရှင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

Related posts