မိဘမဲ့ကလေးငယ်တွေကို ရှင်ပြုအလှူပြုလုပ်ပေးခဲ့တဲ့ အဆိုတော် ရတနာမိုင် တို့မိသားစု

အဆိုတော်ရတနာမိုင်တို့ မိသားစုမှ မိဘမဲ့ ကလေးငယ်လေးများကို  ရှင်သာမဏေ အဖြစ် ရှင်ပြုအလှူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှင်သာမဏေ (၁၆) ပါးကို ရှင်ပြုပေးခဲ့တာ ဖြစ်ပြီး ဘ၀မှာ ဘုရားဒါယိကာမ၊ ရဟန်းဒါယိကာမ ဖြစ်ခဲ့ဖူးတဲ့ ပီတီတွေကိုလည်း ရတနာမိုင်က သူမရဲ့ Facebook စာမျက်နှာမှာရေးသားထားပါသေးတယ်။

ရတနာမိုင် တို့မိသားစုရဲ့ ပဗ္ဗဇ္ဇအမွေခံ ရှင်ပြုအလှူတော်ကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဓမ္မဂုဏ်ရည်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

#Pissaya_News

Photo;Yadanarmy’s Fb

Related posts