အိုစမာ ဘင်လာဒင်ရဲ့ သားဖြစ်သူရှိတဲ့နေရာကို သတင်းပေးနိုင်ရင် ဒေါ်လာ တစ်သန်း ဆုချမည်

 အိုစမာ ဘင်လာဒင် ရဲ့ သားဖြစ်သူ ဟမ်ဇာ ဘင်လာဒင် ရှိတဲ့နေရာကို သတင်းပေးနိုင်ရင် ဒေါ်လာ တစ်သန်း ဆုချမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တယ်။

လက်ရှိမှာ အိုစမာ ဘင်လာဒင်ရဲ့သားဟာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် တယောက်ဖြစ်နေပြီလို့လဲ ဆိုပါတယ်။

အိုစမာ ဘင်လာဒင်ဟာ အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေကြောင့် အမေရိကန်တပ်ဖွဲ့တွေရဲ့ အသေပစ်ခတ်ဖမ်းဆီးခြင်းကို ပါကစ္စတန်နိုင်ငံမှာ ခံခဲ့ရတာလည်းဖြစ်ပါတယ်။

#Pissaya_International News

Related posts