သားယောကျာ်းလေး (၃) ယောက်ပိုင်ဆိုင်လိုက်ရတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ

သရုပ်ဆောင် အလုပ်နဲ့ လူမှုအကျိုးပြု ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ ဟာ အခုဆိုရင်တော့ သားလေး (၃) ယောက်ကို ပိုင်ဆိုင်ထားတဲ့ မေမေ ခိုင်နှင်းဝေ ဖြစ်နေပါပြီ။

သားလေး (၃) ယောက်ကို ပိုင်ဆိုင်လိုက်ရလို့ ၀မ်းသာပီတိဖြစ်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ က

“ကျွန်မ ထံသို့ ရောက်ရှိလာတဲ့
ပန်းရိုင်းလေး 3 ပွင့် (သို့)
သားလေးသုံးယောက်

ခိုကိုးရာမဲ့ ကလေးတွေကို ကျွန်မ ရင်ခွင်ထဲမှာ ခေါ်ယူစောင့်ရှောက်လိုစိတ်ပြင်းပြလွန်းလို့ ဘုရား က လက်ဆောင် အနေနဲ့ ဒီနေ့ သားလေး သုံးယောက်ကို ကျွန်မရင်ခွင်ထဲအရောက် ပို့ပေးလိုက်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်ရှင် 🙏🙏🙏

ကျွန်မ ကလေး တွေကို နေစရာအိမ်လေးတလုံးနဲ့ သူတို့လေးတွေ ဘဝမှာ အားငယ်စိတ်တွေမဖြစ်ရအောင် ကျွန်မ အားအင်ပေးချင်စိတ်နဲ့ သူတို့လေးတွေ အတွက် နေစရာလေးဖြစ်ပေါ်လာအောင် ကြိုးစားနေချိန်မှာပဲ ကျွန်မမေတ္တာမှန်လို့ ကလေးလေး တွေ ကျွန်မလက်ထဲရောက်လာခဲ့ပြီ …..

အူဝဲ 👶👶👶👶

အဲ့ဒီအသံလေးက ကျွန်မ နားထဲမှာတော့
အမေ သားတို့တွက် ပိုကြိုးစားပေးပါလို့ ပြောနေသယောင် ကြားယောင်မိလို့
အမေ သားတို့အတွက် ကြိုးစားပါ့မယ်လို့ ကတိပေးခဲ့တယ်

အဲ့ကတိအတိုင်း မေမေ့ သားလေးတွေ လူမှန်းသိတတ်စအရွယ်မှာ မိဘမဲ့ ဆိုတာထက် ငါတို့အမေက ခိုင်နှင်းဝေ ဆိုတာမျိုးဖြစ်လာအောင် အမေ အားတွေမွေးထားပါတယ်

သားလေးတွေ နေဖို့ အမေ အိမ်လေးတလုံးဆောက်နိုင်အောင် သားလေးတို့ကို ပညာတက်ကြီးဖြစ်အောင် ကျောင်းထားနိုင်အောင်
သားလေးတို့  ဆာလောင်မှုဒဏ်ကို မခံစားရခင် အမေ ကျွေးနိုင်အောင် ရှိတဲ့အားတွေနဲ့ အားတင်းပြီး ရှေ့ဆက်နေတယ်နော် 💪💪💪💪

အမေ့ မေတ္တာတွေကြောင့် သားလေးတို့ ဘဝတလျှောက်လုံး အေးချမ်းနေမှာ ယုံကြည်လျှက်

သားလေးတို့ရဲ့
Strong Mommy
ခိုင်နှင်းဝေ” ဆိုပြီး သူမရဲ့ ခံစားချက်တွေကို Facebook စာမျက်နှာမှာ အခုလိုရေးသား ထားတာ လည်းတွေ့ရပါတယ်။

#Pissaya_News

Photo;Khinehninwai’s FB

 

 

Related posts