အိမ်ကွင်းမှာ ဘုန်းမောက်ကို ဂိုးမိုးရွာခဲ့တဲ့ အာဆင်နယ်

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဘုန်းမောက်ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းက ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ပထမဂိုးကို ပွဲအစ ၄ မိနစ်မှာ အိုဇေးလ်က သွင်းယူခဲ့ပါတယ်။

၂၇ မိနစ်မှာတော့ ကွင်းလယ်မှာ အိုဇေးလ်နဲ့ အတူ ခြေစွမ်းပြနေတဲ့ မီခီးတာရန်က အာဆင်နယ်အတွက် ဒုတိဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယဂိုးသွင်းယူပြီး ၃ မိနစ်အကြာမှာတော့ ဘုန်းမောက်က ခြေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၄၇မိနစ်နဲ့ ၅၉ မိနစ်တွေမှာ ကိုစီယန်နီနဲ့ အူဘာမီရန် တို့ က အာဆင်နယ်အတွက် ဆက်တိုက်ဆိုသလို အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး ပွဲသိမ်းဂိုးကိုတော့ တိုက်စစ်မှုး လာကာဇက်က ပြစ်ဒဏ်ဘောကနေတဆင့် လှလှပပ ကန်သွင်းယူနိုင်ခဲ့ပါတယ်။

#Pissaya_Sport

Related posts