“လူလည်ကြီးများရွာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ပြုလုပ်ကျင်းပ

 လူလည်ကြီးများရွာ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ရန်ကုန်မြို့၊ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကိုတော့ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပေးတာဖြစ်ပြီး အကြည်တော် ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

“လူလည်ကြီးများရွာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခန့်စည်သူ၊ ပြေတီဦး၊ခိုင်သင်းကြည်၊ အိချောပို ဒိန်းဒေါင်၊ ဗေလုဝ၊ ဆင်မ၊ ဇော်ဝင်းနိုင်၊ ညောင်ညောင်၊ အကယ်ဒမီ အောင်ခိုင်၊ ကိုပေါက်၊ နေလင်း၊ဇော်ဇော်၊ချမ်းသာ၊ အောင်သီဟ၊ အေးသီတာ၊ ကြူ ကြူ သင်း နှင့် အခြားသော အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

“လူလည်ကြီးများရွာ”ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ (၁) ရက်မှစတင်ပြီးရုံတင်ပြသသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

#Pissaya_News

Photo;crd

Related posts