သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အယူခံလျှောက်ထားမှု ပယ်ချခံရ

 ပုဇွန်တောင်မြို့နယ်တရားရုံးမှမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊၁၆(ဂ) နဲ့ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည့်အပေါ် သရုပ်ဆောင်မိုးအောင်ရင်မှ ခရိုင်တရားရုံးကို အယူခံတင်ရမှာ ပယ်ချခံခဲ့ရကြောင်း သိရပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အယူခံလျှောက်ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးက ဒီကနေ့မှာပယ်ချလိုက်တာလဲ ဖြစ်ပါတယ်။

သရုပ်ဆောင်မိုးအောင်ရင် အနေနဲ့ တရားဥပဒေလုပ်ထုံး လုပ်နည်းအရ ခရိုင်မှ ပယ်ချသော်လည်း တိုင်းနဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးများသို့ အယူခံ ဆက်တက်နိုင်ကြောင်းလည်း သိရပါတယ်။

#Pissaya_News

Photo;crd

Related posts