Pre-Listening Party ကျင်းပသွားမယ့် ဖြိုးလေးရဲ့ “ဘာတွေဖြစ်”

လူငယ်ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ Snare အဖွဲ့မှ အဆိုတော် ဖြိုးလေး ရဲ့ သီချင်းခွေ အသစ်အနေနဲ့ ထွက်ရှိလာမယ့် ‘ဘာတွေဖြစ်? ‘ Album အတွက် Pre- Listening Party ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖြိုးလေး က သူရဲ့ “ဘာတွေဖြစ်” Album အတွက် Pre-Listening Party ကို ဖေဖော်ဝါရီလ(၂၆) ရက်နေ့မှ မတ်လ (၃) ရက် အတွင်း Genius (Yangon)မှာ အခွေ Pre-Order ဖြင့် ပထမဦးဆုံး ၀ယ်ယူ အားပေးတဲ့ ပရိတ်သတ် အယောက် (၃၀) ကို Pre- Listening Party တက်ရောက်ဖို့ ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့ လည်း သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

“ဘာတွေဖြစ်” Album ရဲ့ Pre- Listening Party ကို မတ်လ (၄) ရက်နေ့၊ ရန်ကုန်မြို့၊ တာမွေ (အရှေ့မျဉ်းပြိုင်ကွင်းလမ်း) မှာ ရှိတဲ့ The Maze Club မှာ ညနေ (၆) နာရီမှ ည (၈) နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

#Pissaya_News

Photo;Phyolay’s FB

Related posts