Line Walker- 2 ရိုက်ကွင်းကို သွားရောက်လေ့လာရင်း ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရတဲ့ မင်းရာဇာ

အက်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း ပရိတ်သတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် မင်းရာဇာကတော့ Line Walker – 2 ဇာတ်ကားရိုက်ကူးနေတဲ့ ရိုက်ကွင်းကို သွားရောက်လေ့လာတဲ့ အချိန်မှာ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

မင်းရာဇာ ဟာ Line Walker – 2 ရုပ်ရှင်ဇာတ်ကားထဲမှာ ဂန်းစတား နေရာက ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ သရုပ်ဆောင် မင်းရာဇာ အနေနဲ့ အက်ရှင် ကားတွေကို အဓိကထား သရုပ်ဆောင်သူလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပါဝင်ရမယ့် အခန်းအများကြီး မဟုတ်ပေမယ့် သူကြိုက်တဲ့ ဇာတ်ကားအမျိုးအစား ဖြစ်ပြီး အတွေ့အကြုံရဖို့ အတွက်ပါဝင်ဖြစ်တယ်လို့လည်း သိရပါတယ်။

 

Line Walker – 2 ဟောင်ကောင်ရုပ်ရှင် ဇာတ်ကားမှာတော့ မြန်မာနိုင်ငံမှ သရုပ်ဆောင် မင်းရာဇာ၊ အောင်မြင့်မြတ်၊ လင်းအောင်ခေတ် နဲ့ HU GO တို့ပါဝင်ထားတာလည်း ဖြစ်ပါတယ်။

#Pissaya_News

Photo;Minyarzar’s Fb

 

Related posts