မြန်မာနိုင်ငံမှသရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီး

တရုတ်နိုင်ငံ ဟောင်ကောင် Shaw Brother Pictures International Co.,Ltd မှ ရိုက်ကူးတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာနိုင်ငံမှ သရုပ်ဆောင် တွေဖြစ်တဲ့ သရုပ်ဆောင် အောင်မြင့်မြတ် နှင့် လင်းအောင်ခေတ် တို့လည်းပါဝင် သရုပ်ဆောင် ရိုက်ကူးခဲ့ တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ ရိုက်ကူးတဲ့ Line Walker – 2 ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်း အချို့ကိုရန်ကုန်မြို့၊ ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် ရေတာရှည်လမ်းအတွင်း ရိုက်ကူးခဲ့ တာဖြစ်ပါတယ်။

#Pissaya_News
Photo;Crd

Related posts