သရုပ်ဆောင် ဦးမေတ္တာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတင်ထားရ

ရုပ်ရှင်နှင့်ဗွီဒီယို ဟာသ သရုပ်ဆောင် ဦးမေတ္တာ ဟာ အဆုတ်ထဲသို့ ရေ နှင့် သွေး ရောနှောဝင်ရောက်ပြီး ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါပါရောနှောဖြစ်ပြီး အသက်ရှုကျပ်လာတဲ့အတွက် ဇန်နဝါရီလ (၉) ညနေပိုင်းက ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံကြီးရဲ့အရေးပေါ်ဌာန မှာ တက်ရောက် ဆေးကုသမှုခံယူနေရ တာဖြစ်ပါတယ်။

ယခုအခြေအနေမှာတော့ အနည်းငယ်ပြန်လည်သက်သာလာပြီလို့လည်း သိရပါတယ်။ဆုတောင်းမေတ္တာ ပို့သပေးပြီး စိတ်ပူပြီးသတင်းမေးကြတဲ့ ပရိတ်သတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ် ဆိုပြီး လူရွှင်တော်အသင်း(ရန်ကုန်) ရဲ့ ပြန်ကြားရေးမှူးဖြစ်တဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ဦးကောင်းကျော် ရဲ့ Facebook စာမျက်နှာမှာရေးသားထား တာတွေ့ရပါတယ်။
#Pissaya_News
Photo;UKaungKyaw’s FB

Related posts