ဇန်နဝါရီလ (၁၁)ရက် နဲ့ (၁၂) ရက်နေ့တွေမှာ ကပြဖျော်ဖြေသွားမယ့် နှင်းဆီပဝါခြုံတဲ့လက်

ပရိတ်သတ်တွေချစ်ခင်အားပေးနှစ်သက်တဲ့ အနုပညာရှင်တွေ ဖွဲ့စည်းထားတဲ့ နှင်းဆီအဖွဲ့သားတွေက “နှင်းဆီပဝါခြုံတဲ့လက်” အငြိမ့်ကို ဇန်နဝါရီလ (၁၁) ရက် နဲ့ (၁၂) ရက်နေ့ ည(၇) နာရီမှာ ရန်ကုန်မြို့ Taw Win Garden Hotelမှာကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတွေကတော့ မင်းမော်ကွန်း နေတိုး ကျော်ကျော်ဗိုလ် ထွန်းထွန်း ရဲလေး ဖူးစုံ မေကဗျာ မိုးပြည့်ပြည့်မောင် နဲ့ မိုးယုစံတို့က ကပြဖျော်ဖြေသွားမှာပါ။

ဒီပွဲကိုလာရောက်ကြည့်ရှုဖို့ အဆင်မပြေတဲ့ပရိတ်သတ်တွေအတွက်လည်း Channel K ရုပ်သံလိုင်း နဲ့ Facebook Page တို့မှလည်း တိုက်ရိုက်(live) ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။
#Pissaya_News
Photo;Credit

Related posts