အလုံ အနုကြမ်းစီးမှုမှာ ပါဝင်သူ ၅ ယောက်ကိုဖမ်းဆီးရမိ

မနေ့ညက အလုံမြို့နယ်၊ စောရန်ပိုင်၊ အရှေ့ ရပ်ကွက်ရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်းသို့ လူတစုမှ တုတ် ၊ဓား လက်နက်များဖြင့် ၀င်ရောက်ခဲ့ပြီး အဲ့ဒီထဲကမှ ၅ ဦးကို ဖမ်းဆီးရမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက် အပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ၁၈၅၀ အချိန် အလုံမြို့နယ်၊ စောရန်ပိုင်၊ အရှေ့ ရပ်ကွက်ရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်းသို့ 6E/×××× လိုက်ထရပ်ယာဉ် ဖြင့် သူရ(၄၂)နှစ်၊ (၁၃၃)ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူပါ အမျိုးသား ၁၀ ဦးခန့် (စိစစ်ဆဲ)သည် မျက်နှာတွင် Mark များ တပ်ဆင်ထားပြီး တုတ်/ ဓားများ ကိုင်ဆောင်ဝင်ရောက်လာကာ ကုမ္ပဏီဝန်ထမ်း သားဒို(ခ)စောမူးဖွဲ့ထူး(၂၄)နှစ်၊ ဒေါင်ကြီးကျေးရွာ၊ ကန်ကြီးဒေါင့်မြို့နယ်နေသူပါ အမျိုးသား ၃ ဦး အား ကြိုးဖြင့် တုပ်ပြီး ဖုန်း ၃ လုံးကို သိမ်းဆည်း၍ ကုမ္ပဏီရုံးခန်းအတွင်း တပ်ဆင်ထားသော CCTV အား ဖြုတ်ယူသွားခဲ့ကာ လိုက်ထရပ်ယာဉ်ဖြင့် ပြန်ထွက်သွားခဲ့ကြောင်း၊ ၄င်းအဖွဲ့မှ ၅ ဦး သည် ကုမ္ပဏီမန်နေဂျာ ဦးမြင့်စိန်(ခ)ဖီးလစ်(၄၈)နှစ်အား ၎င်းပိုင် 3F/×××× လင်ခရူဆာယာဉ်နှင့် အတူခေါ်ဆောင်သွားကာ ၎င်း၏ ဖုန်း ၂ လုံးအား ယူဆောင်၍ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းနှင့် မပိုလမ်းအရောက်၌ ကားပေါ်မှဆင်းပြေးသွားခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းပိတ်ဆို့ရှာဖွေခဲ့ရာ ၁၉၃၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်း နိုဗိုတယ်ဟိုတယ်ရှေ့ တွင် ဦးမြင့်စိန်(ခ)ဖီးလစ်အား ၎င်းပိုင်ယာဉ်ဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ သူရ(၄၂)နှစ်ပါ အမျိုးသား ၂ ဦးအား အခင်းဖြစ်အရပ်၌လည်းကောင်း၊ ဇော်ထူး(ခ)ကရင်(၄၈)နှစ်၊ (၁၃၂)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်နေသူပါ အမျိုးသား ၂ ဦးတို့အား (၁၃၃)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင်လည်းကောင်း၊ လိုက်ထရပ်ယာဉ်နှင့် ထွန်းထွန်း (၄၂)နှစ်၊ ပေဆင်ကုန်း ရပ်ကွက်၊ သုံးဆယ်မြို့နယ်နေသူအား တိုက်ကြီးမြို့နယ်၊ ဈေးရပ်ကွက်၊ ဗီးနပ်စ်ဖုန်းဆိုင်ရှေ့၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ပါကြောင်းနှင့် ဦးမြင့်စိန်(ခ)ဖီးလစ်၏ အကိုဖြစ်သူ ဦးကျော်မြင့်မှ တိုင်တန်းသဖြင့် သူရ(၄၂)နှစ်ပါ ၅ ဦး(ဖမ်းမိ)နှင့် မျိုးမြင့်အောင်(ခ) အရှည်ကြီး(စိစစ်ဆဲ)၊ (၁၄၀) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူပါ ၅ ဦးခန့်(ဖမ်းမမိ)တို့အား အလုံမြို့မရဲစခန်း(ပ) ၄၃၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ (ဓားပြမှု) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ကျန်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#Pissaya_News

 

 

 

Related posts