AFF Suzuki Cup 2018 ပွဲစဉ် လက်မှတ်များ နိုဝင်ဘာလ ၇ ရက်နေ့မှာ စတင်ရောင်းချပေးမည်

အာဆီယံဒေသတွင်း အဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ AFF Suzuki Cup 2018 ပွဲစဉ် ကြိုတင်လက်မှတ်တွေကို နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး ရောင်းချပေးသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

အဆိုပါပြိုင်ပွဲကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့ နှစ်မြို့ခွဲ ကျင်းပမှာဖြစ်ကြောင်း လည်း သိရပါတယ်။

မန္တလေးမြို့မှာတော့ အခုပြိုင်ပွဲဟာ သမိုင်းဝင် ပထမဆုံးကျင်းပခွင့်ရတာလည်းဖြစ်ပါတယ်။

မန္တလာသီရိကွင်းမှာ ကျင်းပမယ့် မြန်မာနဲ့ ကမ္ဘောဒီးယားပွဲကို လာမယ့် နိုဝင်ဘာ ၁၂ ရက်၊ ညနေ (၆း၀၀)နာရီအချိန်မှာ ကျင်းပသွားမှာဖြစ်ပြီး ကြိုတင်လက်မှတ်တွေ ကိုတော့ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ဗထူးကွင်းနဲ့ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)တို့မှာ ရုံးချိန်အတွင်း ဖွင့်လှစ်ရောင်းချ ပေးသွားမှာ ဖြစ်ကြောင်းလည်းသိရပါတယ်။

#Pissaya_Sport

Related posts