ကထိန်ခင်းအလှူပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိတ်သတ်တွေချစ်ကျတဲ့ အနုပညာရှင်တွေထဲကမှ ပရဟိတ မင်းသမီး ခိုင်နှင်းဝေကတော့ အောက်တိုဘာလ(၃၀) ရက်နေ့က ရန်ကုန်၊ လှည်းကူးမြို့နယ် ဘားလားကျေးရွာ မှာရှိတဲ့ မေတ္တာမွန်ပရဟိတ ကျောင်းမှာ ကထိန်ခင်းအလှူပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အလှူဖြစ်မြောက်ဖို့အတွက်ကိုတော့ ခိုင်နှင်းဝေ ပရဟိတအသင်း သို့ စင်ကာပူနိုင်ငံမှ Mr.Ong Kim Tat နှင့် Mrs Cheng Keng Wang တို့က ဘုံကထိန်အလှူဖြစ်မြောက်အောင် မတည်လှူဒါန်း ပေးခဲ့တာလို့လည်း သိရပါတယ်။

ပြုလုပ်ခဲ့တဲ့ အလှူက ပကာသနမပါပဲ စည်းစည်းလုံးလုံးနဲ့ ဖြစ်မြောက်ခဲ့ ငွေကျပ်ဆယ်သိန်းကျော် ရွှေမိုးငွေမိုးကြဲပေးတဲ့ အသင်းနာယကကြီးဒေါ်ခင်ဥမ္မာကြီး နဲ့ မနက်အစောထဲကလာပြီး သတင်းရိုက်ကူးပေးတဲံ မီဒီယာ များ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ သူမရဲ့ Facebook စာမျက်နှာ ရေးသားထားပါသေးတယ်။

ခိုင်နှင်းဝေပရဟိတ အသင်း ပြုလုပ်တဲ့ ကထိန်ခင်းအလှူပုံရိပ်တွေကို Pissaya News ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
#Pissaya_News
Photo;KhineHninWai’s FB

Related posts