တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးပရိသတ်ကို တောင်းပန် လိုက်တဲ့ စိုင်းစိုင်း

အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြုလုပ် မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကတော့ စက် တင် ဘာလ ၁၆ ရက်နေ့မှာ စရောင်းချနေတယ်လို့ သိရပါတယ်။ ထိုနေ့မှာပဲ လက်မှတ်အားလုံးရောင်းကုန်တဲ့ ရောင်းကောင်းခဲ့ တာလည်း ဖြစ်ပါတယ်။
 
အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ် သက်ပြီး လက်မှတ်မရပဲ အဆင်မပြေဖြစ်နေကြတဲ့ သူငယ်ချင်းတွေ၊ ပရိသတ်တွေကို အခုလိုတောင်းပန်စကားပြောခဲ့ပါတယ်။
 
“တောင်းပန်ခြင်း” မိတ်ဆွေများခင်ဗျား။ ထိုင်ခုံလက်မှတ် က အမှန် တကယ်မရှိတော့တာပါ ။ ဒီနေရာကနေ အားလုံးကိုတောင်း ပန်ပါတယ်။ ဒီပွဲလေးတစ်ပွဲနဲ့ စိတ်မဆိုးကြပါနဲ့ဦးခင်ဗျာ။ သူငယ် ချင်းများခင်ဗျား။ Friend Zone လက်မှတ်တွေက ထိုင်ခုံနဲ့ မဟုတ်ပါဘူး။ သူငယ်ချင်း တွေထပ်လာလို့ရအောင် ရှေ့ဆုံးမှာစီစဉ်ထားတာပါ။ ပွဲနေ့ကျမှ အဆင်မပြေမှာစိုးလို့ ကြိုတောင်းပန်ထားတယ်နော်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
 
မနက်ဖန် ပြုလုပ်မယ့် စိုင်းစိုင်း တစ်ကိုယ်တော်ရှိုးပွဲမှာတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေကတော့ အခုချိန်ကစပြီး ရင်ခုန်နေကြမယ် ထင်ပါတယ်။
 
#Pissaya_News
Photo Credit

Related posts