မွေးနေ့ကို သူရဲ့ မိသားစု၊ သူ့ရဲ့ပရိတ်သတ်တွေ၊ ရှုတင်အဖွဲ့သားတွေနဲ့ ကျင်းပခဲ့တဲ့ သရုပ်ဆောင်နေဒွေး

အောက်တိုဘာလ (၉) ရက်နေ့က သရုပ်ဆောင်နေဒွေးရဲ့ အသက်(၂၉) နှစ်ပြည့် မွေးနေ့လို့သိရပါတယ်။

မွေးနေ့မှ ခရီးထွက်ရမယ့် သရုပ်ဆောင် နေဒွေး က သူရဲ့မွေးနေ့ကို သူ့ရဲ့ပရိတ်သတ်တွေ၊ မိသားစု၊ ရှုတင် အဖွဲ့သားတွေနဲ့အတူ ရိုက်ကွင်းမှာပဲ အကြိုမွေးနေ့ပွဲလေး ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

လူလားမြောက်အောင်မွေးထုတ်ပေးခဲ့တဲ့ ချစ်မေမေ ကိုလည်းကျေးဇူးတင်ပါတယ်။ မွေးကျေးဇူး ကျွေးကျေးဇူး လည်း ဆပ်ပါမယ်။ မွေးနေ့မှာ မေမေ့အနားမှာ မနေပေးနိုင်တာ ခွင့်လွှတ်ပါဆိုပြီး သရုပ်ဆောင်နေဒွေးက သူ့ရဲ့ မိခင်ကို ကျေးဇူးတင်စကား ပြောထားတာလည်း သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထား ပါသေးတယ်။
#Pissaya_News
Photo; NayDway’s FB

Related posts