ASEAN JAPAN Music Festival အတွက် ဂျပန်နိုင်ငံရောက်နေတဲ့ စိုင်းစိုင်း

နိုင်ငံကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ အာဆီယံ ဂီတဖျော်ဖြေပွဲအတွက် ဂျပန်နိုင်ငံတိုကျိုမြို့ ကို ဒီနေ့မနက်မှာ ရောက်နေပြီလို့ သိရပါတယ်။

” ASEAN JAPAN Music Festival မှာ ဖျော်ဖြေရန် ဒီည Tokyo သွားပါမယ် ခင်ဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မနေ့က ရေးထားပါတယ်။

ဂျပန်မှာ ရောက်နေတဲ့ စိုင်းစိုင်းကို ချစ်ကြတဲ့ မြန်မာပရိသတ်ကြီးက လည်း ဒီပွဲကြီးအတွက် စိုင်းစိုင်းနဲ့အတူ ရင်ခုန်နေမယ်လို့ ထင်ပါတယ်။

ဒီပွဲကြီးဟာ အာဆီယံနိုင်ငံအသီးသီးမှာ အောင်မြင်မှုရရှိနေကြတဲ့ အဆိုတော်တွေနဲ့ အတူ စိုင်းစိုင်းခမ်းလှိုင်က လည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပါဝင် သီဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#Pissaya_News
Photo Credit – စိုင်းစိုင်း ဖေ့စ်ဘွတ်

Related posts