CHAT BOX ကနေ ဟက်ကာာတွေရဲ့ ငွေညှစ်ခံလိုက်ရတဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ စက်တင်ဘာ ၂၆ ရက်နေ့က သူမရဲ့  ဖေ့စ်ဘွတ်အကောင့်ကို ဟက်ကာလူတစ်စုက ခိုးဝင်ပြီး ငွေညှစ်ခဲ့တဲ့ အကြောင့် သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာရေးထားပါတယ်။

အခုတော့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ခင်ပွန်းဖြစ်သူက နားလည်တဲ့သူတွေနဲ့ မေးမြန်းစုံစမ်းကာ ပြန်ရအောင် လုပ်ပေးထားတယ်လို့ သူမက ပြောပြထားပါတယ်။

စမိုင်းက သူမရဲ့ အကောင့်ကို ခိုးယူပြီးနာမည်ပြောင်းထားတဲ့သူတွေကို Report လုပ်ပေးဖို့အတွက်ကိုလည်း ပရိသတ်တွေကို တောင်းဆိုထားတာလည်း တွေ့ရပါတယ်။

“Smile ရဲ့ ဒီ Page အပြင် Smile Maung အကောင့်ကို Hacker လူတစ်စုကခိုးဝင်ပြီး ငွေညှစ်လို့မနေ့က အွန်လိုင်းပေါ်မလာဖြစ်ဘူး..
ဒီလိုမျိုးလူတွေရဲ့အကောင့်တွေကိုခိုးဝင်ပြီးငွေညှစ်နေတာတွေသူတို့တွေဘယ်နှစ်ယောက်လုပ်ပြီးပြီလဲ..
အလှူခံတယ် ပရဟိတဆိုပြီး ဓားမြတိုက်တာကြောက်စရာကောင်းလိုက်တာ..ကိုယ့်ရဲ့ Page ကိုဝင်ပြီးကိုယ့်ကိုထုတ်ပြီးငွေညှစ်ခံရတာ ကြောက်လည်းကြောက် စိတ်လည်းတိုတယ်.. အခုတော့ယေကျာင်္းကနားလည်တဲ့သူတွေနဲ့မေးမြန်းစုံစမ်းပြီးရအောင်ပြန်လုပ်ပေးလို့ကျေးဇူးတင်ပါတယ် ..

တစ်ခါတည်း ဒီလူအကောင့်တွေကို Htet Myat Ko, Kyaw Ko Ko Htoo, Kyaw Thu Moe ( Smile ရဲ့အကောင့်ကိုခိုးယူပြီးသူ့နာမည်ပြောင်းထားတာ ) Ty Well ဆိုတဲ့နာမည်တွေ Report လုပ်ပေးကြပါ .. Hacker တွေရဲ့အကောင့်တွေတစ်ခါတည်း နောက်ထပ်လူတွေမခံရအောင် ကူညီပေးကြပါနော် လူအချင်းချင်းဒုက္ခပေးခြင်းကင်းဝေးရပါစေ”လို့ ရေးထားတာတွေ့ရပါတယ်။

သရုပ်ဆောင် စမိုင်းလ်ကတော့ ကိုယ်ပိုင်စီးပွားရေးတွေ အများကြီးပိုင်ဆိုင်ထားသလို သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit  – စမိုင်းလ် FB

 

Related posts