ခင်ပွန်းရဲ့မွေးနေ့လက်ဆောင်ကြောင့် ပျော်ရွှင်နေတဲ့ ခိုင်သင်းကြည်

စက်တင်ဘာလ ၂၇ ရက်နေ့ ဒီနေ့ဟာ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့  မွေးနေ့ ဖြစ်ပါတယ်။

သူမဟာ ဒီနေ့ သူမ ခင်ပွန်းပေးတဲ့ မွေးနေ့ လက်ဆောင်ကြောင့် အပျော်ကြီး ပျော်နေတာကို တွေ့ရပါတယ်။

သရုပ်ဆောင်ခိုင်သင်းကြည်က ယောကျာ်းဖြစ်တဲ့ သူကိုကျေးဇူးတင်ကြောင်း ချစ်ခင်ကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာအခုလိုရေးထားပါတယ်။

” Happy Birthday to me, မွေးလက i phone အသစ်ထွက်တဲ့လဖြစ်နေတယ်ဆိုတော့ချစ်တယ်ယောက်ျား။ Pandora (အသဲလေး တစ်ခြမ်း ဆီ မှာmotherနဲ့ daughter စာလေးနဲ့ ဆိုတော့ပိုကြိုက်)လေးတွေအမြဲပေးတက်တဲ့မေမေ့အချစ်ဆုံးလေးအရမ်းချစ်။ အိမ် ကို surprise လာ တိုက်တဲ့ချစ်သောအမျိုးများကျေးဇူးပါ” လို့ ရေးထားပါတယ်။

သူမရဲ့ ဒီနှစ် မွေးနေ့လေးကို သူမရဲ့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ မွေးနေ့ အလှူအနေနဲ့ သင်္ကန်းကျွန်းမြို့ နယ်ရှိ ဓမ္မ၀ိဟာရ ဘုန်းကြီးကျောင်း၊ ပထမကျော် စာသင်တိုက် နဲ့ ဓမ္မရိပ်သာ မှာ သံဃာတော်တွေကို ၀တ္ထုငွေ၊ သင်္ကန်း နဲ့  ဆွမ်းကပ် လှူဒါန်းခဲ့ပြီး ကျောင်းရှိ စာသင် ကလေးငယ်များကို မုန့်ဝေ လှူဒါန်းခဲ့ပါသေးတယ်။

 Photo Credit – Khine Thin Kyi FB

Related posts