လူတိုင်းလိုလိုကြိုက်ကြတဲ့ ချောကလက်လေးတွေအကြောင်း

ချောကလက်ရဲ့ ကောင်းကျိုးတွေက. . .

ပထမဆုံး အချက်က အရမ်းအရသာရှိတယ်. . .

နောက်ထပ်တစ်ချက်ကတော့ ချောကလက်က စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်တဲ့. . . အလုပ်ခွင်မှာ ပင်ပန်းလာတဲ့ အခါ၊ ကျောင်း သား ကျောင်းသူ တွေ စာကျက်ရတာကြာလာလို့ ခေါင်းမကြည်ဖြစ်လာတဲ့အခါ ချောကကလက် တစ်ပိုင်း နှစ်ပိုင်း ကို စားကြည့်လိုက်ပါ။ ချောကလက်ထဲမှာပါတဲ့ Flavonoids လို့ခေါ်တဲ့ သဘာဝဓာတ်တွေက ဦးနှောက် ကို သွေးလည်ပတ်မှု များစေတာကြောင့် စိတ်ကိုပေါ့ပါးပြီး စိတ်ကူးကောင်းလေးတွေကိုလည်း ဖြစ်စေပါသတဲ့. . .

ချောကလက်က စိတ်ဓာတ်ကျတာတွေ စိတ်အလိုမကျဖြစ်တာတွေကို လျော့ပါးသက်သာစေတဲ့ ဆေးကောင်း တစ်လက် လည်း ဖြစ်ပါတယ်။

ခုပြောပြမယ့်အချက်က မမ၀၀လှလှလေးတွေအတွက် သတင်းကောင်းပေါ့နော်. . . ချောကလက်ကို သင့်တင့်ရုံ လေး ပုံမှန်စားရင် လေ့ကျင့်ခန်းလုပ်တဲ့အချိန်ထွက်တက်တဲ့ အဆီကျစေတဲ့ endorohin ဆိုတဲ့ဟော်မုန်းကို ရပါတယ်။ ဒါဆို ချောကလက်လေးစားပြီး ၀ိတ်ထိန်းလို့ ရပြီပေါ့။

နောက်ဆုံးတစ်ချက်ကတော့ ချောကလက်က နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီးတော့ အိုမင်းရင့်ရော် ခြင်း ကို ဖြစ်စေတဲ့ မကောင်းတဲ့ ဓာတ်တိုးအဆိပ်တွေကိုလည်း လျော့ကျစေပါတယ်။ အမျှင်ဓာတ်, iron, magnesium, selenium စတဲ့ လိုအပ်ချက်တွကိုလဲ ဖြည့်ပေးနိုင်ပါတယ်။ နေရောင်ခြည်ဒါဏ်ကိုလည်း အလိုအလျောက် ကာကွယ်ပေးပါတယ်တဲ့နော်။

အရေးကြီးဆုံးကဘာလဲဆိုတော့ ဒီကောင်းကျိုးတွေအားလုံးက Cocoa ရဲ့ကောင်း ကျိုး တွေဖြစ်လို့ Cocoa ပါဝင်မှုများတဲ့ Dark Chocolate လို့ ရေးသားထားတဲ့ ချောကလက်ကသာ ဒီကောင်း ကျိုး တွေပေးနိုင်တာနော်. . . 70% – 80% Dark Chocolate ဆိုရင်တော့ အကောင်းဆုံးပေါ့နော်။ ဒါပေမယ့် နည်းနည်းတော့ခါးတာပေါ့။ Milk Chocolate နို့ပါတဲ့ချောကလက်ကတော့ စားလို့ကောင်းပေမယ့် ကောင်းကျိုး တွေ အများကြီး မရနိုင်ဘူးနော်။ ပြီးတော့ နို့ချောကလက်တွေက ၀ိတ်လဲတက်စေတယ်. . . သီဟိုဋ်စေ့၊ ဗန်ဒါစေ့, စပျစ်သီးခြောက်ရောထားတာလဲ စားလို့ရပါတယ်နော်။

ဒီနေ့ကစပြီး ချောကလက်စားဖို့ အကြောင်းပြချက် ကောင်းကောင်းလေးတွေ ရပြီပေါ့နော်. . .

 

Related posts