မွေးနေ့ကျ သီချင်းအသစ်တစ်ပုဒ်ထပ် Share မယ်၊ အလှူလုပ်မယ် ဆိုတဲ့ ရွှေထူး

ရွှေထူးဟာ မကြာခင်မှာ အသက်နှစ်ဆယ့်ခြောက် နှစ်ပြည့်တော့ မှာ ဖြစ်ပါတယ်။

သရုပ်ဆောင်တစ်ဦးလည်းဖြစ် အဆိုတော် တစ်ဦးလည်းဖြစ် တဲ့ ရွှေထူးဟာ သူရဲ့မွေးနေ့မှာ 89 Miles မှာ အလှူလုပ်ဖြစ်မယ့် အကြောင်းကို သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာတွေ့ ရပါတယ်။ ဒါ့အပြင် ထိုနေ့မှာပဲ မွေးနေ့သီချင်းတစ်ပုဒ်ထပ် share ပေးမယ်လို့လဲ ပြောထားပါသေးတယ်။

သူကိုချစ်တဲ့ ပရိတ်သက်တွေကလည်း သူ့ရဲ့  အခွေသစ် ကို စောင့်မျှော်နေတာကို တွေ့ရပါတယ်။

ရွှေထူးအခွေအသစ်ထွက်လာရင် ရွှေမှုံအကြောင်းတွေများပါလာမလားဆိုပြီး ရင်ခုန်နေကြတဲ့ပရိသတ်ရှိနေပါတယ်။ ရွှေထူးကတော့ သူ့အခွေအသစ်ထဲကသီချင်းတွေက စိတ်ချမ်းသာတဲ့ အကြောင်းတွေပဲဖြစ်မှာပါလို့ပြောထားပါတယ်။

#Pissaya_News

Related posts