လူငယ်ပရိသတ်⁠တွေ ⁠စောင့်⁠မျှော်⁠နေ⁠ကြတဲ့ေ⁠ကြွရုပ်ရှင်ဇာတ်ကား⁠ကြီးမ⁠ကြာမီရုံတင်⁠ပြသ⁠တော့မည်

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
 
ဒီဇာတ်ကားကြီးထဲမှာ လူငယ်ပရိသတ်တွေ အားပေးမှုကို အများဆုံးရ ရှိထားတဲ့ သရုပ်ဆောင်၊ အဆိုတော် လွှမ်းပိုင်းက တက္ကသိုလ်ကျောင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။
 
လွှမ်းပိုင်က ကိုယ်တိုင်စဉ်းစားပြီး ရေးသားထားတဲ့ ဇာတ်လမ်းလေး ရှိတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အဆင့် အတန်းချင်း မတူတဲ့ ကောင်မလေးနဲ့ ကောင်လေး တို့ရဲ့ အကြောင်းကို စဉ်းစားမိ ရင်း ရေးသားခဲ့တဲ့ ဇာတ်လမ်းပါလို့ သိရပါတယ်။
 
ဇာတ်ကား ထဲမှာ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ လွှမ်းပိုင်၊ ရဲအောင်၊ စိုးမြတ်သူဇာ နဲ့ အိချောပို တို့နဲ့ အတူ ခန့်စည်သူ၊ ထွန်းထွန်း၊ ဗေလုဝ၊ တိုင်ရွန်တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။
 
#Pissaya_News

Related posts