မွန်⁠ပြည်နယ် ⁠ရေ⁠ဘေးအတွက် အလှူ⁠ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ န⁠န္ဒာလှိုင်တို့ဇနီး⁠မောင်⁠နှံ

ကိုဇေသီဟနဲ့ နန္ဒာလှိုင်တို့ ဇနီးမောင်နှံဟာ ဇွန်လ (၁၈) ရက်နေ့မှာ မွန်ပြည်နယ်တွင် အရေးပေါ်ကြုံတွေ့ခဲ့ရတဲ့ ရေဘေးအတွက် အလှူငွေကျပ် သိန်း(၁၀၀)တိတိကို လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုလှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူဇေသီဟရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို ရေးသားထားတာပါ။

“မွန်ပြည်နယ်တွင် အရေးပေါ်ကြုံတွေ့ခဲ့သော ရေဘေးအတွက် အလှူငွေကျပ် သိန်း ၁၀၀ ကို ဝန်ကြီးချုပ်ထံ ပေးအပ်စဉ်။” ဆိုပြီး ပြောထားပါတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သူတို့ ဇနီးမောင်နှံကို ပရိသတ်တွေက သာဓုခေါ်နေကြတဲ့ Comment တွေလည်း တွေ့ရပါတယ်။
အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ နန္ဒာလှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit – နန္ဒာလှိုင်ဖေ့ဘွတ်

Related posts