ထိုင်း⁠နိုင်ငံရဲ့ နာမည်⁠ကျော်အလှမယ် Sun Sun ကို ⁠မြန်မာ့⁠ပြည်မှာ သရုပ်⁠ဆောင်ဖို့ ကမ်းလှမ်းခဲ့တဲ့ ဟန်ထူးဈာန်

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်အလှမယ်တစ်ဦးဖြစ်တဲ့ Maeya Sun Sun နဲ့ အတူ MTV ရိုက်ကူးသွားမယ့် အဆိုတော်ဟန်ထူးဈာန်ကတော့ ဇွန်လ ၁၇ ရက်နေ့ညက Maeya ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

ဟန်ထူးဈာန်နဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် အလှမယ်တစ်ဦးဖြစ်တဲ့ Maeya Sun Sun တို့ဟာ Maeya ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး အပြန် အလှန် စကားပြောရာကနေ ရင်းနှီးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဟန်ထူးဈာန်ရဲ့ MTV မှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းရင်းကနေ မြန်မာနိုင်ငံကိုရောက် ရှိလာတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ Sun Sun ကို ရွှေတိဂုံဘုရားလိုက်ပို့ပေးဖို့ ရှိတယ်လို့ သိရပါတယ်။

ဟန်ထူးဈာန်ဟာ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကြီးမှာ 3 Runner Up ဆုအပြင် Popular Choice Award ဆုကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။

Related posts