မုန့်လုပ်နည်းသင်တန်း တက်⁠နေတဲ့ လှအဉ္ဇလီတင့်

လှအဉ္ဇလီတင့် ဟာ မုန့်လုပ်နည်းသင်တန်းတတ်နေတယ်လို့ သူ့မ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလိုတင်ထားတာတွေ့ရပါတယ်။

”ကိတ်မုန့် တွေ ရမယ် ပေါင်မုန့် တွေ ရမယ် နော်။ ချစ်တဲ့အမတယောက် သင်တန်းတက်နေတာနဲ့ စိတ်ဝင်စားပြီး လိုက်တက် လိုက်တယ်လေ။ သင်တန်း တစ်ခု ကို ၂ ရက်တည်း ရက်တိုပဲဆိုတော့ အဆင်ပြေတယ်။ ပျော်စရာလည်းကောင်းတယ်။ မုန့်တွေအကြောင်းလည်း ပိုပြီး သိရတယ်” လို့ပြောထား ပါတယ်။

မျက်လုံးဝိုင်းဝိုင်း၊ မျက်နှာပြည့်ပြည့် နဲ့ ဆံပင်ရှည်ရှည်ပုံစံလေးတွေနဲ့ ချစ်စရာကောင်းခဲ့တဲ့ လှအဉ္ဇလီတင့်ကိုတော့ သူ့ရဲ့ ပရိသတ်တွေက ဒီနေ့ အထိတိုင် ချစ်ခင်အားပေးဆဲဖြစ်ပါတယ်။

သူ့အနေနဲ့ သရုပ်ဆောင်မှုအပိုင်းတွေမှာလည်း အရမ်းကိုတော်တဲ့ မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်ရင်ထဲကို ရောက်ခဲ့ပါတယ်။

Photo Credit – လှအဉ္ဇလီတင့် ဖေ့စ်ဘွတ်

Related posts