မု⁠ဒြာရဲ့⁠ခေါ်သံက Hobnobben Festival မှာ People’s Choice ဆုရရှိ

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးဟာ အမေရိကန်နိုင်ငံ Indiana ပြည်နယ် Fort Wayne မြို့မှာ ကျင်းပခဲ့တဲ့ Hobnobben Film Festival မှာ မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားဟာ People’s Choice Award ကို ထက်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။

Hobnobben Film Festival ကို ဇွန်လ(၇) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြန်မာပရိသတ်များစွာရဲ့ အားပေးမှုကြောင့် People’s Choice Award ရရှိခဲ့တဲ့အတွက်ကိုလည်း ဇဏ်ခီက သူ့ရဲ့ ကျေးဇူးတင်ကြောင်းကို သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလိုပြောကြားခဲ့ပါတယ်။

“Congratulations Mudras! ရပ်နီး ရပ်ဝေး မှလာရောက်ကြည့်ရှူ့သူတွေအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်” ဆိုပြီး ရေးသားထားတာပါ။
မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံမှာ မပြသခင်အချိန်ကတည်းက နိုင်ငံတကာမှာ ဆုများဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားကြီး လည်း ဖြစ်ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးထားပြီး ဇဏ်ခီနဲ့ လှယဉ်ကျေးတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ယင်းရုပ်ရှင်ဇာတ်ကားကြီး ဟာ မြန်မာ ယဉ်ကျေးမှု မြန်မာနိုင်ငံရဲ့ အလှအပများကို သူများနဲ့မတူ တမူထူးခြားအောင် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

 

Related posts