ဥမ္မာဒ⁠န္တီတည်ခဲ့တဲ့ဘုရားကို စိန်ဖူး⁠တော်နဲ့ ထီး⁠တော် လှူဒါန်းတဲ့ ပပဝင်းခင်တို့မိသားစု

သရုပ်ဆောင် ပပဝင်းခင်တို့ မိသားစုက ဥမ္မာဒန္တီတည်ထားကိုးကွယ်ခဲ့တဲ့ “အနန္တဇိနအေးစူဠာမဏိစေတီတော်” ရွှေထီးတော်၊ စိန်ဖူးတော်နဲ့ အရံစေတီတော် တစ်ဆူတို့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီအလှူဒါနကို ပပဝင်းခင်က ပရိသတ်တွေလည်း ထပ်တူကုသိုလ် များနိုင်ဖို့ အလှူအကြောင်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို တင်ပေးခဲ့တာ ဖြစ် ပါတယ်။

“ဟင်္သာတမြို့ ဆင်မသေရွာတွင် ဥမ္မာဒန္ဒီ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းဘုရား ” အနန္တဇိနအေးစူဠာမဏိစေတီတော် ” ရွှေထီးတော် စိန်ဖူးတော် ထီးတင်ပွဲ, အရံစေတီတော်တစ်ဆူ ပပတို့ မိသားစု ပါဝင်လှူဒါန်းခဲ့ပါတယ် , ဒီထက်မက များစွာသောသာသနာပြုခွင့်ရပါစေ…
ချစ်ပရိသတ်များ ပပတို့မိသားစုနှင့် ထပ်တူကုသိုလ်များရကြပါစေ အေးချမ်းမှုနိမိတ် မိုးရေဖွဲဖွဲ ထီးတော်တင်ပွဲ” လို့ ရေးသားခဲ့ပါတယ်။

သူမရေးထားတဲ့ ပိုစ့်အောက်မှာလည်း သာဓုခေါ်ပေးထားတဲ့ ပရိသတ်တွေ နဲ့ သူမကို အားပေးတဲ့ ပရိသတ်တွေရဲ့  ဆုမွန်ကောင်းစကားတွေကို တွေ့ရပါတယ်။

Photo Credit –  ပပဝင်းခင်

Related posts