မိုရီဆာကီဝင်း ကို Fuji Film ရဲ့ Brand Ambassador ခန့်အပ်

ပရိသတ်တွေရဲ့ အချစ်တော် မိုရီဆာကီဝင်းဟာ မေလ ၂၃ ရက်နေ့မှာ Fuji Film Myanmar ရဲ့ Brand Ambassador တစ်ယောက်အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပါတယ်။

မိုရီဆာကီဝင်းဟာ ဒီပွဲတက်ရောက်ဖို့အတွက် မေလ ၂၁ ရက်နေ့ ညနေက မြန်မာနိုင်ငံကို ရောက်ရှိ လာတာဖြစ်ပါတယ်။

”Fuji Film ရဲ့ New Brand Ambassador တစ်ယောက်အဖြစ် အရမ်းလည်းဂုဏ်ယူပါတယ်၊ ဝမ်းလည်း ဝမ်းသာပါတယ်။

ကျွန်တော်က မြန်မာပြည်မှာမွေးတယ်၊ ၁၀နှစ်သားလောက်မှာ ဂျပန်ပြည်ရောက်သွားတယ်။ မြန်မာနဲ့ ဂျပန်ရဲ့ ပေါင်းစပ်မှုမျိုးအနေနဲ့ ဒီလိုမျိုးဝန်းရံပေးတဲ့ Fuji Film ကိုကျေးဇူးတင်ပါတယ်” လို့ အဝင်းက ပြောပြခဲ့ပါတယ်။

မိုရီဆာကီဝင်းဟာ ဇာတိမြေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။

အဝင်းက မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။ အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

Photo Credit – PrizmaX

Source – Duwun

Related posts