ပရိသတ်⁠တွေ ⁠စောင့်⁠မျှော်⁠နေတဲ့ Myanmar Idol Season 3 ကို ယ⁠နေ့ညတွင် စတင်⁠ပြသ⁠တော့မည်

ပရိသတ်တွေ စောင့်မျှော်နေတဲ့ Myanmar Idol Season 3 ကို ၂၀.၄.၂၀၁၈ ယနေ့ညမှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။

ပရိသတ်ကို စတင်တင်ဆက်ပေးမှာကတော့ မြို့ကြီး(၅)မြို့ ပဏာမလူရွေးချယ်မှုရဲ့ပထမဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့နဲ့ အနီးတဝိုက်ရဲ့ အသံစစ်ဆေးမူ့ နဲ့ ရွေးချယ်မူ့ အဆင့်ဆင့် ပုံရိပ်တွေကို စတင် တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံး ကျင်းပတဲ့ Season 1 မှာတော့ ဒိုင်အဖြစ် အဆိုတော် မေဆွိ၊ ချမ်းချမ်း နဲ့ ရဲလေးတို့က ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ Season 1တည်းက လူကြိုက်များခဲ့ပြီး Season 2 မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိလာပါတယ်။ Season 2 ဒိုင်တွေကတော့ မြန်မာပြည်သိန်းတန်၊ မေဆွိ၊ တင်ဇာမော် တို့ဖြစ်ပါတယ်။ အခုလာမယ့် Season 3 မှာ ဘယ်သူက ဒိုင်ဖြစ်မလဲဆိုတာ ပရိသတ်တွေအရမ်းစိတ်ဝင်စားနေကြပါတယ်။ Season 3 အတွက် ဒိုင်တွေကတော့ မြန်မာပြည်သိန်းတန်၊ ရန်အောင်၊ မျိုးကျော့မြိုင် နဲ့ တင်ဇာမော် တို့ပဲ ဖြစ်ပါတယ်။

Myanmar Idol အဆိုပြိုင်ပွဲဟာ လူစိတ်ဝင်စားမှုများတဲ့ အဆိုပြိုင်ပွဲလို့ ပြောလို့ရပါတယ်။ Season တွေဆက်တိုက်ကျင်းပတဲ့ ပြိုင်ပွဲမျိုး မဟုတ်ပဲ Season တစ်ခုနဲ့ တစ်ခုကြား အချိန်အတော်ကြာနားပြီးမှ နောက် season ကို ကျင်းပတာ ဖြစ်ပါတယ်။

ယနေ့ည ၉:၀၀ မှာတော့ Myanmar Idol Season 3 အသံစစ်ဆေးမှုကို စတင်ပြသတော့မှာဖြစ်ပါတယ်။

Photo Credit – Myanmar Idol FB

Related posts