သမီး⁠လေးအတွက် ⁠မွေး⁠နေ့အလှူ⁠ပြုလုပ်ခဲ့တဲ့ န⁠န္ဒာလှိုင်

ဒီနေ့(ဧပြီ၁၉ရက်)က သရုပ်ဆောင်နန္ဒာလှိုင် သမီးလေး ရတီရဲ့ မွေးနေ့ဖြစ်ပါတယ်။

သရုပ်ဆောင်နန္ဒာလှိုင်ဟာ သမီးလေးရဲ့ မွေးနေ့မှာသမီးလေးအတွက် မွေးနေ့အလှူပြုလုပ်ပေးနေတာကိုလည်း တွေ့ရပါတယ်။

အိမ်ရှေ့ကို ဆွမ်းခံကြွတဲ့ ရဟန်းသဃာများကို အာဟာရဒါန လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သမီးလေးအတွက်လည်း သူမက မွေးနေ့ဆုမွန်ကောင်းကို သူမရဲ့  ဖေ့စ်ဘွတ်စာမျက်နှာနှာ အခုလို ဆုတောင်းပေးထားပါတယ်။

“Happy birthday! သမီးလေးရတီအရမ်းလိမ္မာတဲ့သမီး ဘဝတလျှောက်လုံးအေးချမ်းပါစေ”ဆိုပြီးတော့ ဆုတောင်းပေးထားပါတယ်။

သမီးလေးတွေဘေးနားမှာ အဖော်ပြုပေးနေတဲ့ မေမေနန္ဒာလှိုင်ကို ပရိသတ်တွေက အခုထက်ထိ အားပေးနေဆဲပါ။

အနုပညာအလုပ်တွေ နားထားပေမယ့်လည်း ယခုထက်တိုင် ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

Photo Credit – နန္ဒာလှိုင် ဖေ့စ်ဘွတ်

Related posts