အင်္ဂလန် ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်း မြန်မာနိုင်ငံသို့ ခြေစမ်းပွဲများ လာရောက်ကစားမည်

အင်္ဂလန် ချန်ပီယံရှစ် ကလပ် လိဒ်ယူနိုက်တက် Leeds United FC ဟာ လာမယ့် မေလဆန်းအတွင်း ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ AYA Bank စီစဉ်မှုနဲ့ ခြေစမ်းပွဲများ လာရောက်ယှဉ်ပြိုင် ကစားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

လိဒ်ယူနိုက်တက် အသင်းဟာ AYA Bank Tour 2018 ပွဲစဉ်များအဖြစ် မေလ (၉)ရက်နေ့မှာ မြန်မာနေရှင်နယ်လိဂ် MNL All Stars အသင်းနဲ့ရန်ကုန်မြို့သုဝဏ္ဏကွင်း မှာ ကစားမှာဖြစ်ပြီး၊ မေလ (၁၁)ရက်နေ့မှာတော့  မန္တလေးမြို့ မန္တလာသီရိ ကွင်းမှာ မြန်မာ့လက်ရွေးစင် အသင်းနဲ့ ခြေစမ်းကစားမှာဖြစ်ပါတယ်။

AYA Bank Tour 2018 အဖြစ်ခြေစမ်းပွဲများ လာရောက်ကစားမယ့် လိဒ်ယူနိုက်တက် အသင်းမှာ လက်ရှိ အင်္ဂလန်ချန်ပီယံရှစ်တွင် ပါဝင်ကစားနေကြတဲ့ အဓိက ကစားသမားများ ပါဝင်လာမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

AYA Bank Tour 2018 ပွဲစဉ်များ လာရောက်ကစားမယ့် လိဒ်ယူနိုက်တက် အသင်းပွဲစဉ်များအတွက် ကွင်းဝင်ကြေးများမှာ ၄၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်မျှသာ သက်မှတ်ထားကြောင်းသိရပါတယ်။

#Pissaya_Sport

Related posts