ငုံးဥရဲ့ကျန်းမာ⁠ရေးအကျိုး⁠ကျေးဇူးများ

အာဟာရ ပညာရှင်များကတော့ ငုံးဥဟာ အာဟာရဓာတ် ကြွယ်ဝပြီး နေ့စဉ်စားသင့်ကြောင်း တိုက်တွန်းကြပါတယ်။

ငုံးဥဟာ ကြက်ဥနဲ့  နှိုင်းယှဉ်လျင် ဗီတာမင်နဲ့ သတ္တု ဓာတ်ပိုမို များပြားပါတယ်။

အခြား အကျိုးကျေးဇူးတွေကတော့

၁။ ငုံးဥဟာ အာရုံကြော စနစ်ကို ထိန်းပေးပြီး မှတ်ဥာဏ် ကောင်းမွန်စေပါတယ်

၂။ ငုံးဥဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်

၃။ အရေပြားနဲ့ ဆံပင် အလှကို ထိန်းသိမ်းပေးနိုင်တဲ့ အတွက် အလှကုန် ပစ္ဏည်းတွေမှာတောင် အသုံးပြုကြပါတယ်

၎။ အစာအိမ် အနာကိုလဲ သက်သာစေပါတယ်

၅။ သွေးအားနည်းရောဂါကို သက်သာစေတဲ့ အတွက် အမျိုးသမီးတွေ စားသုံးသင့်ပါတယ်။

၆။ တီဘီရောဂါ၊ ပန်းနာရင်ကျပ် နှင့် ဆီးချိုသမားတွေလဲ ငုံးဥကို ပုံမှန် စားသုံးသင့်ပါတယ်။

ငုံးဥ တစ်လုံးမှာ အဆီ 1g , အသားဓာတ် 1g ၊ ဗိုက်တာမင် A ၊ C ၊ ကယ်လ်စီယမ် နှင့် သံဓာတ် တို့ ပါဝင်ပါတယ်။

ကြက်ဥ တစ်လုံးမှာတော့ ကစီဓာတ် 1g , အဆီ 5g , အသားဓာတ်6g သကြားဓာတ် 1g ဗီတာမင် A ၊ C ၊ ကယ်လ်စီယမ် နှင့် သံဓာတ် တို့ ပါဝင်ပါတယ်။

Source – drmyanmar.com

Related posts