တောင်ကြီးမှာ ရှင်ပြုမင်္ဂလာအလှူလုပ်ခဲ့တဲ့ ကြာစိတို့ဇနီးမောင်နှံ

လူရွှင်တော်ကြာစိ တို့ ဇနီးမောင်နှံဟာ တောင်ကြီးမြို့ အေးသာယာရပ်ကွက်မှာ ရှင်ပြုအလှူတော် မင်္ဂလာကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မာဃလုလင် တတိယအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာပွဲမှာ ကြာစိတို့ ဇနီးမောင်နှံက ရှင်(၉)ပါး ရှင်ပြုအလှူပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အလှူပွဲမှာ ပရိသတ်အများအပြားလာရောက်ခဲ့ပြီး စည်စည်ကားကား ကျင်းပခဲ့တာကို တွေ့ရပါတယ်။

ကြာစိနဲ့ သူရဲ့  ဇနီဟာလည်း တောင်ကြီးမှာ ဖျော်ဖြေရေးလာရင်းနဲ့ ချစ်ကြိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုဆိုရင် ကြာစိဟာ လူရွှေတော် တစ်မျိုးတည်းသာမက သရုပ်ဆောင်နဲ့ အဆိုတော် စတဲ့ အနုပညာအလုပ်တွေပါလုပ်နေပြီး သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလည်း ပိုပိုများပြားလာတာတွေ့ရပါတယ်။

Related posts