ပထမပိုင်းသွင်းဂိုးတွေနဲ့ မန်စီးတီးကို လီဗာပူးလ်အနိုင်ယူ

ဒီကနေ့နံနက် ၁ နာရီ ၁၅ မိနစ်က  ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ မန်ချက်စတာစီးတီး အသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

အဲ့ဒီ ၃ ဂိုးလုံးကို လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မိုဟာမက်ဆာလာ၊ချန်ဘာလိန် ၊ မာနေးတို့က ပထမပိုင်းမှာပဲ သွင်းယူခဲ့တာပါ။

ပထမပိုင်းစတင်ချိန်ကတည်းက မန်စီးတီး အသင်းဟာ ကစားကွက်အချိတ်အဆက်တွေ မမိခဲ့ပါဘူး။

၁၂ မိနစ်မှာပဲ ဖာမီနိုထိုးပေးလိုက်တဲ့ဘောလုံးကို မိုဟာမက်ဆာလာအပိုင် ကန်သွင်းယူပြီး လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မိနစ် ၂၀ မှာ ဂျိမ်းစ်မေလ်နာ ပေးပို့လိုက်တဲ့ ဘောလုံးကို ချန်ဘာလိန်က ပင်နယ်တီဧရိယာဘီးကုပ်စက်ဝိုင်းထိပ်ကနေ အပြင်းကန်သွင်းယူပြီး လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကွင်းလယ်နဲ့တိုက်စစ် နားလည်မှုလွဲနေခဲ့ပြီး ဘောလုံးအပျက်များနေခဲ့ပါတယ်။

၃၁ မိနစ်မှာ မိုဟာမက်ဆာလာက ဂိုးရှေ့မှာ အသင့်စောင့်ဆိုင်းနေတဲ့ ဖာမီနိုနဲ့ မာနေးတို့ဆီကို အကွက်မြင်မြင် ပေးပို့ခဲ့ရာမှာ မာနေးက မန်စီးတီးဂိုးသမား အီဒါဆင်နဲ့ အနီးကပ်အပိုင်ခေါင်းတိုက်သွင်းယူပြီး လီဗာပူးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးအသင်းရဲ့အိမ်ကွင်းမှာ အဝေးဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ဘဲ ဒုတိယအကျော့မှာ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်သွားမလဲဆိုတာကိုသာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

#Pissaya_Sport

Related posts