ရိုနယ်ဒိုရဲ့ နောက်ပြန်ကန်ချက် အလှဆုံးဂိုးအဖြစ်မှတ်တမ်းဝင်

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ် ဂျူဗင်တပ်စ်အသင်းဘက်ကို သွင်းယူခဲ့ ရိုနယ်ဒိုရဲ့ နောက်ပြန်ကန်ချက် ဂိုးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျောက် အလှဆုံးဂိုးတွေက တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
 
ဂျူဗင်တပ်စ် နဲ့ ရီးရဲလ် တို့ ပွဲစဉ်မှာတော့ ရီးရဲလ် က သုံးဂိုး ဂိုး မရှိနဲ့ အနိုင်ယူ ခဲ့ပါတယ်။
 
ရီးရဲလ် အတွက် ရော်နယ်ဒို ၂ ဂိုး နဲ့ မာဆယ်လို က တစ်ဂိုး သွင်းပေးခဲ့ကြတာပါ။
 
၆၄ မိနစ်မှာ နောက်ပြန်ကန်ချက် နဲ့သွင်းယူ ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဂိုးဟာ အခုနှစ် ချန်ပီယံလိဂ်ရဲ့ အ လှပ ဆုံးဂိုး တစ် ဂိုး အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။
 
အခုပွဲမှာ ၂ ဂိုး သွင်းယူ နိုင်ခဲ့တဲ့ ရော်နယ်ဒို ဟာ ချန်ပီယံလိဂ် ပွဲစဉ် ၁၀ ဆက်တိုက် ဂိုးသွင်းယူ နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
 
#Pissaya_Sport

Related posts