စုဘူး⁠ဖောက်⁠ပြီး အလှူလုပ်ခဲ့တဲ့ ⁠ရွှေထူး

အဆိုတော် ရွှေထူးဟာ ပရိတ်သတ်တစ်ယောက်လက်ဆောင်ပေးတဲ့ စုဘူးလေးနဲ့ အချိန်တော်တော်ကြာပိုက်ဆံစုခဲ့တယ်လို့ သိရပါတယ်။

သူဆုထားတဲ့ စုဘူးလေးကို မနေ့က ဖောက်ခဲ့ပြီး ရရှိတဲ့ ပိုက်ဆံ (၂၇) သိန်းကို မိဘတစ်ဝက် သူအတွက် တစ်ဝက်ဆိုပြီး သူ့ရဲ့  ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို ရေးသားခဲ့ပါတယ်။

“ပရိသတ်တစ်ယောက်ကပေးတဲ့စုဘူးလေးကိုဒီနေ့ဖောက်လိုက်ရတယ်… တစ်ဝက်ကအမေ့ဖို့ တစ်ဝက်ကကျွန်တော့်ဖို့ဆိုတဲ့စိတ်နဲ့ ရရင်ရသလိုလေး အချိန်တော်တော်ကြာစုခဲ့တယ်… ✌

အမေ့အတွက်တော့ဘုရားကျောင်းဆောင်ဝယ်ပေးလိုက်တယ်… ကျွန်တော့်အတွက်ကတော့ ဟိုတစ်ခါကျွန်တော် Share လိုက်တဲ့ဘိုးဘွားရိပ်သာမှာသွားလှူမယ်… 😿

စုစုပေါင်း ၂၇ သိန်းနဲ့တစ်သောင်းရတယ် …😮

အားလုံးကိုလဲပိုက်ဆံစုစေချင်လို့ Share ပေးလိုက်တယ်နော်… 💪

ပိုက်ဆံစုပြီးကိုယ်ဖြစ်ချင်တာလေးတွေဖြစ်ပါစေ..ကိုယ်ဖြည့်ဆည်းပေးချင်တဲ့လူတွေအတွက်လည်းဖြည့်ဆည်းပေးနိုင်ပါစေ…😊

အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ ” လို့ရေးထားပါတယ်။

အဆိုတော်ရွှေထူးရဲ့  ကောင်းမွန်တဲ့ စိတ်ကူးလေးကို သူ့ကို အားပေးတဲ့ ပရိသတ်တွေကလည်း ချီးကျူးထားတာတွေ့ရပါတယ်။

နောက်ပိုင်းမှာ ရွှေထူးကတော့ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်များရဲ့ လက်ခံအားပေးမှု ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

Photo Credit – ရွှေထူးဖေ့စ်ဘွတ်

Related posts