မတ်လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် အကယ်ဒမီပွဲအတွက် ချီးမြှင့်မယ့် ဆုများစာရင်း

၂၀၁၈ ခုနှစ် ဒီနှစ်အတွက် အကယ်ဒမီပေးပွဲကို မတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ ရှိ Myanmar Event Park မှာ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်မှာတော့ ဆုပေါင်း (၁၂) ဆုကို ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ထိုဆုတွေကတော့ တေးဂီတဆု၊ တည်းဖြတ်ဆု၊ အသံဆု၊ ဒါရိုက်တာဆု၊ မီးအလင်းအမှောင်ဆု၊ ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု နဲ့ အထူးဆု တို့ပဲ ဖြစ်ပါတယ်။

မြန်မာရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကို တစ်နှစ်မှာ တစ်ကြိမ်ကျင်းပလျှက်ရှိပြီး ခါတိုင်းနှစ်တွေကထက် ထူးခြားတဲ့ အစီအစဉ်တွေလည်းရှိနေ တယ်လို့လည်း သိရပါတယ်။

ယခင်နှစ်က ရွှေစင်ရုပ်တုထိပ်မှာပါတဲ့ ကြယ်ပွင့်ဟာ ရွှေသားစစ်စစ်  ၂ ကျပ်သားဖြင့် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ရွှေသားစစ်စစ် ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရပါတယ်။

ဒီနှစ်အကယ်ဒမီပွဲအတွက် ဇာတ်လမ်းကောင်းတွေ အများကြီးရှိတာကြောင့် ပရိသတ်တွေကလည်း အခုထဲက မိမိအားပေးတဲ့ မင်းသား၊ မင်းသမီး တွေအတွက် ကြိုတင်ရင်ခုန်နေတာကိုလည်း တွေ့ရပါတယ်။

Pissaya News

 

Related posts