အာဆင်နယ်ရှုံးပွဲ ထပ်ကြုံပြီး ချန်ပီယံဖြစ်ဖို့ နီးစပ်လာ မန်စီးတီး

မနေ့ညက ကစားခဲ့တဲ့ ပွဲတွေမှာ အာဆင်နယ် က ဘရိုက်တန် အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး မန်စီးတီး အသင်းကတော့ ချဲလ်ဆီးကို သူရဲ့ အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ယူပြီး ချန်ပီယံ လမ်းကြောင်းပေါ် ဆက်လျှောက်သွားခဲ့ပါတယ်။

မနေ့ကပွဲမှာ ဖိအားများနေတဲ့ အာဆင်နယ်အသင်းဟာ လူစုံပွဲထွက်လာပေမယ့် ပထမပိုင်းမှာတင် ဘရိုက်တန်အသင်းကို ၂ ဂိုးပေးခဲ့ရတဲ့အတွက် နည်းပြအာစင်ဝင်းဂါးအပေါ် ပိုမိုဖိအား ကြရောက်ခဲ့ပါတယ်။ နည်းပြကြီး အာစင်ဝင်းဂါးတစ်ယောက် နည်းဗျူဟာအပြောင်းအလဲ တွေ ပြုလုပ်ခဲ့ပေမယ့် တိုက်စစ်မှုးအူဘာမီယန် ရဲ့ နှစ်သိမ့်ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပြီး ပွဲအပြီးမှာ ၂-၁ ဂိုးနဲ့ ရှုံးနှိမ့်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ချဲလ်ဆီးပွဲမှာတော့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲစပြီး ၁မိနစ်မှာ ဒါးဗစ် ဆေးလ်ဗားပေးတာကနေ ဧရိယာထဲ အသင့်ပါလာတဲ့ ဘင်နာဒို ဆေးလ်ဗာက ပိတ်သွင်းလို့ မန်စီးတီး ဦးဆောင်ဂိုးရခဲ့ပါတယ်။  အဲ့ဒီဂိုးနဲ့ပဲ မန်စီးတီး အသာရခဲ့ပြီး နိုင်ပွဲဆက်နိုင်ခဲ့လို့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ တစ်ဖြည်းဖြည်းနဲ့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

#Pissaya Sport

 

 

 

 

Related posts