မတ်လ ၂ ရက်နေ့မှာ ရုံတင်ပြသမယ့် မောင်မစ္စကဝိညာဉ် ရုပ်ရှင်ဇာတ်ကားကြီး

ဒါရိုက်တာညီညီထွန်းလွင်ရိုက်ကူးတဲ့ “မောင်မစ္စကဝိညာဉ်” ရုပ်ရှင်ကားကတော့ မတ်လ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ဒီဇတ်ကားမှာ အဓိကဇာတ်ဆောင်တွေအနေနဲ့ ရန်အောင်၊ခန့်စည်သူ၊ မြင့်မြတ်၊ ရွှေမှုံရတီ၊ နန်းမြတ်ဖြိုးသင်းတို့ ပါဝင်ပြီး နေဆန်း၊ ဇော်ဝင်းနိုင်(မန်း)၊ ၀င်းနိုင်(အနုပညာ)၊ ဆင်မ၊ အုန်းသီး၊ ဇော်ဇော်အောင်၊ Kညီ တို့အပြင် အခြားအနုပညာရှင် များစွာလည်း ပါဝင် သရုပ်ဆောင်ထားတာတွေ့ရပါတယ်။

ဒီဇာတ်ကားကတော့ ပရိသတ်တွေရဲ့  ဘဝအမောတွေကို ပြေစေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားလည်း ဖြစ်ပါတယ်။

ပရိသတ်အချစ်တော် သရုပ်ဆောင်များစွာပါဝင်တဲ့ မောင်မစ္စကဝိညာဉ် ဇာတ်ကားကြီးကို မတ်လ ၂ ရက်နေ့က စပြီး ရန်ကုန်၊မန္တလေးအပါအဝင် နယ်မြို့ရှိ ရုပ်ရှင်ရုံများတွင်ပါ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Theint (Pissaya)

Related posts