အနိုင်ရလဒ်အခွင့်အရေးကို ဆုံးရှုံးခဲ့ရတဲ့ ချယ်လ်ဆီး

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ရဲ့  (ပ)ကျော့အဖြစ် ယှဉ်ပြိုင်ကစားတဲ့  ချယ်လ်ဆီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

အိမ်ရှင်ချယ်လ်ဆီးအသင်းဟာ ဝီလီယံရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၇၅ မိနစ်မှာ ဘာစီလိုနာအသင်းမှ ချေပဂိုးပြန် လည်ရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ မက်ဆီက ချယ်လ်ဆီး ခံစစ်အမှားကနေ အင်နီယေစတာရဲ့ ဖန်တီးမှုမှတစ်ဆင့် သွင်းယူခဲ့တာပါ။

ဒီပွဲမှာ မက်ဆီဟာ ချဲယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ်အဖြစ် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အခုလို သရေ ရလဒ် ထွက်ပေါ်ခဲ့မှုကြောင့် ဒုတိယအကျော့ ဘာစီလိုနာအိမ်ကွင်းမှာ ချယ်လ်ဆီးအနေနဲ့ ယှဉ်ပြိုင်က စားရမှုမှာဖိအားတွေ ရှိလာနိုင်ပါတယ်။

#Pissaya_Sport

#ဝေဖြိုးနိုင်

Related posts