ဘုရားဌာပနာထားဖို့အတွက် ⁠ရွှေဒင်္ဂါး⁠ပြားလှူဒါန်းခဲ့တဲ့ အိစိ⁠ကွေး

သရုပ်ဆောင် အိစိကွေးက သူရဲ့ အသက်(၁၇)နှစ်ပြည့် မွေးနေ့အမှတ်တရအနေနဲ့ ကုသိုလ်ကောင်းမှုတွေ လုပ်နေတာ အခုထက်ထိပါပဲ။ ဒီနေ့မှာလည်း သူ့ရဲ့ ချွေးနည်းစာနဲ့ ရရှိထားတဲ့ သန့်စင်ပြီး ရွှေဒင်္ဂါး(ငါးမူးသား)ကို ပြည်မြို့ တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်မှာရှိတဲ့ “မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်မြတ်ကြီး”မှာ ဌာပနာထားဖို့အတွက် လှူဒါန်းခဲ့ပါတယ်။

ရွှေင်္ဂါးငါးမူးသားကို ပုဂံမြို့သူ ရိုက်ကွင်းမှာ သရုပ်ဆောင် ကျော်သူကနေ တစ်ဆင့်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ လည်း အိစိကွေးအတွက် ဆုတောင်းစကားလေးတွေ ပြောထားတာလည်း တွေ့ရပါတယ်။

“သရုပ်ဆောင်အိစိကွေးသည်အသက်(၁၇)နှစ်ပြည့်မွေးနေ့အဖြစ်သူ၏ချွေးနည်းစာဖြင့်ရရှိထားသောသန့်စင်ပြီးရွှေဒင်္ဂါးပြား(ငါးမူးသား)အားပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်ရှိ “မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်မြတ်ကြီး”ဌာပနာထားရှိပူဇော်ရန် အတွက်  သဒ္ဓါတရားထက်သန်စွာဖြင့်ယနေ့ ပုဂံမြို့တွင်ရိုက်ကူးနေသော”ပုဂံမြို့သူ”ရိုက်ကွင်းတွင်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုအစုစုအတွက် ကျန်းမာသက်ရှည်သောကကင်းဝေးငြိမ်းချမ်းသာယာဝပြောပြီးအနုပညာလောကတွင်အောင်မြင်မှုပန်းတိုင်ဆွတ်ခူးရရှိအောင်မြင်ပါစေသား။ သာဓု သာဓု သာဓု” ဆိုပြီး ပြောထားပါတယ်။

ဇန်နဝါရီ(၂၁) ကကျရောက်ခဲ့တဲ့ သူရဲ့ အသက်(၁၇)နှစ်ပြည့် မွေးနေ့ကလည်း အနုပညာကြေးလေးတွေစုကာ ရန်ကုန် ဇီဝိတဒါန သံဃာ့ ဆေးရုံတွင် ဆေးပဒေသာပင်အဖြစ် ကျပ် ၁၀၀၀၀၀ လှူဒါန်းခဲ့ပြီး သံဃာတော်နှင့် သီလရှင် စုစုပေါင်း ၁၃၀ ခန့်ကို ဝတ္ထုငွေ ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။

အိစိကွေးဟာ ငယ်စဉ်ကတည်းက ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ခံရတဲ့ ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ယခုအချိန်မှာ လူပျို ပေါက်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ အိစိကွေးဟာ သရုပ်ဆောင်ပိုင်းသာမက ဂီတပိုင်းမှာလည်း ကြိုးစားလာတာတွေ့ရပါတယ်။ အခုလက်ရှိမှာတော့ ပုဂံမြို့သူဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။

Source – Duwun

Photo : အိစိကွေး FB

Related posts