နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီတို့သည် ဒေသစံတော်ချိန် ယမန်နေ့ည ၇ နာရီခွဲတွင် နယူးဒေလီမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ(Hyderabad House)၌ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မပြီးပြတ် သေးသော နယ်နိမိတ်တိုင်းတာ သတ်မှတ်ရေးကိစ္စရပ်များအား အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများအား နှိမ်နှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား လမ်းပန်းဆက် သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များ ဖွင့်လှစ်၍ နှစ်ဖက်ဒေသ ပြည်သူများ အပြန်အလှန် ကူးသန်း သွားလာနိုင်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်ဧည့်ဂေဟာ (Hyderabad House) ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေး ထိုးခဲ့သည်။

source_Myanmar State Counsellor Office

Related posts